အနုပညာအလုပ်တွေ ပိတ်ပင်ခံရတာမဟုတ်ကြောင်း သင်ဇာဝင့်ကျော်ဆို


Share

အနုပညာအလုပ်တွေကို လက်ရှိအချိန်ထိ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ ကြိုးစားဆောင်ရွက်နေတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ SIRရေကစားမဏ္ဍပ်မှာ လေးရက်တာ ရေကစားခဲ့ပြီး မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ နှစ်သစ်ကူး အလှူအဖြစ် သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ အခုနှစ်သင်္ကြန်မှာ သူရဲ့ဝတ်စားဆင်ယင်မှုကြောင့် သက်ဆိုင်ရာက သူရဲ့အနုပညာလုပ်ငန်းများကို ပိတ်ပင်လိုက်ကြောင်း အင်တာနက် Facebookနဲ့ ပရိသတ်များရဲ့ ပြောဆိုမှုများကြောင့် ကာယကံရှင်ဖြစ်တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို မေးမြန်းရာမှာတော့ '' ဒီကိစ္စ နဲ့ပတ်သက်ပြီးသင်ဇာရဲ့ သူငယ်ချင်းတွေရော၊ ပရိသတ်တွေရော ဖုန်းဆက်ပြီး ဒီရက်အတွင်းမှာ တော်တော်မေးနေကြပါ တယ်။ သင်ဇာရဲ့ အနုပညာအလုပ်ကို ပိတ်ပင်လိုက်တယ် ဆိုတာမဟုတ်ပါဘူး။ သင်ဇာအခု ဒါရိုက်တာ ဦးဝင်းထွန်းထွန်း ရိုက်ကူးနေတဲ့ ''အချစ်ဧရိယာပြင်ပသို့ ရောက်ရှိနေသော'' ဗွီဒီယိုဇာတ်ကားကို ကိုစိုင်းနဲ့ ရိုက်ကူးနေပါတယ်။ ဒါ့အပြင်တခြား ဗီဒီယိုဇာတ်ကား သုံးကားလည်း ရိုက်ကူးမှာဖြစ်ပါတယ်။ ဒါကြောင့် သင်ဇာပြင်ဦးလွင်မှာ တစ်လကျော်လောက်တော့ ကြာဦးမှာဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုလည်း အရင်ကအတိုင်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။



Share

pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
mmwebpro