နာမည်ကြီး အားကစားဝတ်စုံတံဆိပ် Lotto၏ အားကစား ဝတ်စုံများကို မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ဝတ်ဆင်ကစားတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ၂၄-၅-၂၀၁၂ရက်တွင် ပြောကြားသည်။ အရင်က မြန်မာ့လက်ရွေးစင် အသင်းရဲ့ဘောလုံးဝတ်စုံကို Umbroနဲ့ လုပ်ဖို့စီစဉ်ခဲ့သေးတယ်။ နောက်တော့ Lottoနဲ့လုပ်ဖြစ်သွားတာ။ ရှေ့လမှာ စာချုပ်ချုပ်မယ်။ Lottoဝတ်စုံဝတ်ဖို့ကတော့ လုံးဝ Comfirmဖြစ်သွားပါပြီ။ ဝတ်စုံဒီဇိုင်းကို ကျွန်တော်တို့က ဆွဲပေးပြီး Lottoစက်ရုံက ချုပ်ပေးမှာပါ'ဟု ၎င်းကပြောကြားသည်။ Lottoတံဆိပ် အားကစားဝတ်စုံ ကုမ္ပဏီမှာ အီတလီအခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံလက်ရွေးစင် အသင်းများနှင့် ကလပ်အသင်းပေါင်းများစွာက ဝတ်ဆင်ကစားလျက်ရှိကြောင်း ထိုဝတ်စုံများကို မြန်မာ့လက်ရွေးစင် အသင်းက မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC U22ခြေစစ်ပွဲတွင် ပထမဆုံး ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်အသင်းက Lottoတံဆိပ်များကို အိမ်ကွင်းတွင် အနီဝမ်းဆက်နှင့် အဝေးကွင်းတွင် အဖြူဝမ်းဆက်ဝတ်စုံဖြင့် ကစားမည်ဖြစ်ကြောင်း သိရသည်။