ဒေါင်းအုပ်ကြီးက မြို့ထဲသို့ ၀င်သောင်းကျန်း


Share

ကြောင်နှင့်ခွေးများ အကာအကွယ်များရှိရာသို့ပြေးကြရသည်။ တွားသွားနေသလား ထင်ရလောက်အောင် ကားများ အရှိန်လျှော့ချကုန်သည်။ နေအိမ်များအတွင်း နေထိုင်သူများ ပင်လျှင် ပြတင်းတံခါးများကိုပိတ်ကာ တံခါးကိုပင်ချက်ချထားရသည်။ လယ်တဲများနှင့် ဂရင်းဟောက်စ်များကို လုံခြုံရေးယူထားရသည်။ အခိျု့က ရေဖြင့်ပစ်ခတ်ရသော ပစ္စတိုသေနတ်များကို ကိုင်စွဲကြသည်။ ဗြိတိန်နိုင်ငံ ဆောက်သ်ပို့မြို့အနီး ဘန့်ခ်ရွာမှ ရွာသားတို့၏ နေထိုင်မှုမှာ ဒေါင်းအကြမ်းဖက်ဂိုဏ်း၏ နှောင့်ယှက်မှုအန္တရာယ်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

အသက်၇၁နှစ်အရွယ်ရှိ ယန်းအိုဟန်လွန်အမည်ရှိ အဖွားကြီးသည် မိမိကိုယ်မိမိ ဒေါင်းရန်မှ ကာကွယ်ရန် နီးရာလက်နက်ဖြစ်သည့် ဘောဖျက်ကို ကောက်ကိုင်ရသည်။ ဒေါင်းများ မြို့ကလေးထဲသို့ ၀င်လာသည်။ နောက်ထပ်နာရီပေါင်းများစွာကြာ တစ်ညလုံးနေထိုင်ပြီး နံနက်လင်းအားကြီးအချိန်ထိ ဒေါင်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ရွာတွင်နေထိုင်သူ အမျိုးသမီးတစ်ဦးသည် သူ၏ ဂိုဒေါင်ထဲ၌ ဒေါင်းတစ်ကောင် အိပ်ပျော်နေသည်ကို တွေ့ရှိရသည်။ ဒေါင်းများသည်အရသာရှိသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ကိုက်ဖြတ်စားသောက်ကြသည်။ အဖိုးတန်အပင်များကို ဖျက်ဆီးကာ ကိုက်ချီလျက် လသာဆောင်များ သို့မဟုတ် ခေါင်းတိုင်များထဲသို့ ပစ်ချခဲ့ကြသည်။

ကားလမ်းပေါ်၊ ပလက်ဖောင်းပေါ်၊ ကားစက်ဖုံးပေါ်၊ မြက်ခင်းပေါ် နေရာအနှံ့အမှိုက်သရိုက်များ စွန့်ပစ်ခဲ့ကြသည်။ ဗြိတိန်နိုင်ငံ လန်ကက်ရှိုင်းယား တောပိုင်း၌ ယင်းကဲ့သို့ ထူးခြားလှသော အဖြစ်အပျက်ဖြစ်ပွားခဲ့သည်။ ၎င်းတို့၏ မိတ်လိုက်ရာသီ ကျော်လွန်သွားပြီးနောက် ၁၅ကောင်ခန့်ရှိသော ဒေါင်းအုပ်ကြီးက ရွာသို့ဝင်ရောက် နှောင့်ယှက်ခဲ့ခြင်းဖြစ်သည်။



Share

pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
mmwebpro