ငယ်ရွယ်တဲ့လူနာပေါင်း ၁၈၀၀၀၀ခန့်ကို လေ့လာရာမှာ ကလေးဘ၀မှာ CT Scan အများအပြားရိုက်ရသူတွေဟာ ဦးနှောက်ကင်ဆာ ဒါမှမဟုတ် လူကီးမီးယားရောဂါဖြစ်နိုင် ခြေသုံးဆပိုများပြားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ CT Scanရိုက်နေစဉ်မှာ ကိုယ်တွင်းအင်္ဂါတွင်းနဲ့ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းအတွင်းမှ ရောဂါတွေကို အတိအကျရှာဖွေနိုင်ဖို့အတွက် လူနာရဲ့ခန္ဓာကိုယ်ကို ဓာတ်မှန်စက်က လှည့်ပတ်နေရတာကြောင့် ဓာတ်ရောင်ခြည်သင့်ဖို့ ပိုမိုများပြားသွားပါတယ်။CT Scanကို အသုံးပြုရင် မေ့ဆေး၊ ထုံဆေးနဲ့ အိပ်ဆေးတွေ မလိုအပ်တာကြောင့် ကလေးငယ်တွေအတွက် အလွန်အသုံးဝင်ပါတယ်။ ကလေးငယ်တွေမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုဖြစ်ရင် ကိုယ်တွင်းဒဏ်ရာ ရရှိတာကို ကြည့်ရှုနိုင်ဖို့နဲ့ အဆုတ်ရောဂါရှာဖွေနိုင်ဖို့ CTScanကို အသုံးပြုကြပါတယ်။ ဒါပေမဲ့ CTScanကို အသုံးပြုတာကြောင့် ဦးနှောက်ကင်ဆာနဲ့ လူကီးမီးယားဖြစ်နိုင်ခြေ ပိုမိုမြင့်မားတာကြောင့် မလိုအပ်ဘဲ အသုံးမပြုကြဖို့ ယူကေမှ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။