အရေးပေါ်ဗိုက်ခွဲ၍ ကလေးမွေးခြင်းတွင် ဆရာဝန်များအား လေ့ကျင့်ပေးနိုင်ရန်အတွက် ကမ္ဘာ့ပထမဆုံး ဆီလီကွန်ဖြင့် ပြုလုပ်သည့်ပုံတူကို ဗြိတိန်နိုင်ငံတွင် တီထွင်ခဲ့ကြောင်း သိရသည်။ အဆိုပါပုံတူကို Guy's and StThomas' NHS Foundation Trustအဖွဲ့က တီထွင်ခဲ့ခြင်းဖြစ်ပြီး ကလေး၏ဦးခေါင်းသည် မိခင်၏ တင်ပဆုံရိုးကြား၌ ညပ်နေသည့် အနေအထားမျိုးကို ပုံတူပြုလုပ်ထားသည်။ ဗြိတိန်နိုင်ငံတွင် တစ်နှစ်အတွင်း ကလေးမွေးဖွားမှု ၂ဝဝဝဝတွင် မွေးဖွားခြင်း နောက်ဆုံးအဆင့်ရောက်မှ အရေးပေါ် ဗိုက်ခွဲမွေးရခြင်း ဖြစ်ပေါ်လေ့ရှိပြီး ယင်းအဆင့်၌ ဗိုက်ခွဲမွေးဖွားရခြင်းသည် မိခင်ရော ကလေးအတွက်ပါ လွန်စွာအန္တရာယ် ကြီးမားသောကြောင့် ဆရာဝန်များအနေဖြင့် ယင်းအနေအထား၌ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ တီထွင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။