၁၀နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးနောက် ဘင်လာဒင်၏ ဒရိုင်ဘာကို ဂန်တာနာမိုမှ ပြန်လွှတ်ပေး


Share

အိုစမာဘင်လာဒင်၏ ဒရိုင်ဘာနှင့် ကိုယ်ရံတော် အီဘရာဟင် အယ်လ်ကိုဆီကို ၁၀နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးနောက် ဂန်တာနာမို အကျဉ်းထောင်မှ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဇူလိုင်လ၁၂ရက်နေ့ သတင်းများက ဖော်ပြသည်။ အီဘရာဟင်အယ်လ်ကိုဆီသည် သူ၏ဇာတိ ဆူဒန်နိုင်ငံသို့ ပြန်မည်ဖြစ်ပြီး အစိုးရ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၌ ပါဝင်ဆောင်မည်ဖြစ်ပြီး အစိုးရ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်မည်ဖြစ်သည်။ အယ်လ်ကိုဆီသည် ၂၀၁၀ပြည့်နှစ်တွင် အကြမ်းဖက်မှုအတွက် အထောက်အပံ့ပြုခဲ့ခြင်းကြောင့် အပြစ်ရှိကြောင်းဝန်ခံခဲ့ပြီး အယ်လကေးဒါးများအား စုံစမ်းထောက်လှမ်းရန်အတွက် ပူးပေါင်းပါဝင်ခဲ့သောကြောင့် ယခုကဲ့သို့ ပြန်လွှတ်ပေးခဲ့ရခြင်း ဖြစ်သည်ဟုဆိုသည်။ အယ်လ်ကိုဆီသည် ၂၀၀၂ခုနှစ်၌ အဖမ်းခံခဲ့ရပြီး ဂန်တာနာမိုသို့ အပို့ခံရသည့် အယ်လ်ကေးဒါးအဖွဲ့၏ ပထမဆုံးအဖွဲ့ဝင် တစ်ဦးဖြစ်ခဲ့သည်။ ယခုအခါ အယ်လ်ကိုဆီသည် သူအဖမ်းခံခဲ့ရပြီးကတည်းက တွေ့ခွင့်မရခဲ့သည့် သူ၏ဇနီး၊ သမီးနှစ်ဦးတို့နှင့် ပြန်လည် တွေ့ဆုံရမည်ဖြစ်ကြောင်း သူ၏ရှေ့နေ ပေါလ်ရိုင်ချလာက ပြောကြားခဲ့သည်။ ယခုအခါ အသက်၅၂နှစ် ရှိပြီဖြစ်သော အယ်လ်ကိုဆီ လွတ်မြောက်လာသောကြောင့် ဂန်တာနာမိုရှိ အကျဉ်းသားစာရင်းမှာ ၁၆၈ဦးသို့ လျော့ကျသွားပြီဖြစ်ကြောင်း သိရသည်။



Share

pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
pyimyanmar
mmwebpro